Home Ads

Friday, October 20, 2017

American Made (2017)

American Made (2017)
IMDb 7.3 1h 55min | Action, Biography, Comedy | 29 September 2017 (USA)


  














ဆီးလ်ဟာ ၁၉၇၀ များဆီက TWA လေကြောင်း လိုင်းက ပိုင်းလော့စ်တစ်ယောက် ဖြစ်ပြီး စီအိုင်အေနဲ့လည်း အဆက်အဆံရှိသူ တစ်ယောက်ပါ။ စီအိုင် အေအရာရှိ မွန်တီစချာဖာဟာ ဆီးလ်ကို ကင်မရာတွေတပ်ထား တဲ့ လေယာဉ်ငယ်နဲ့ ရန်သူ့နယ် မြေကို လျှို့ဝှက်ထောက်လှမ်းဖို့ စေခိုင်းခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဆီးလ် ဟာ စီအိုင်အေရဲ့ လျှို့ဝှက်လုပ် ငန်းစဉ်တွေကို လုပ်ဆောင်ပေး ခဲ့ပြီး အဲဒီစစ်ဆင်ရေးအတွင်းမှာ ပဲ မယ်ဒယ်လင်ကာတယ်ဆိုသူက ဆီးလ်ကို အမေရိကကိုအပြန်မှာ ကိုကင်းတွေသယ်ပေးဖို့ တောင်း ဆိုခဲ့ပါတယ်။ဆီးလ်ရဲ့ ကိုကင်းသယ်ပို့မှု ကို စီအိုင်အေက လျစ်လျူရှုထား ပေမယ့် ဒီအီးအေအဖွဲ့က ခြေရာ ခံမိတာကြောင့် ဆီးလ်နဲ့မိသားစုကို စီအိုင်အေအရာရှိက မီနာဆိုတဲ့ နယ်မြေလေးကို ရွှေ့ပြောင်းနေထိုင်စေခဲ့ပါတယ်။
 နောက်ပိုင်းမှာ ဆီးလ်ကို လက်နက် အရောင်းအ၀ယ်နဲ့ လက်နက်သယ်ပို့မှုတွေပါ လုပ်ဆောင်စေခဲ့ပါတယ်။အဲဒီနောက် ဆီးလ်ဟာ အက်ဖ်ဘီအိုင်၊ ဒီအီးအေနဲ့ ဥပဒေရေးရာ အဖွဲ့အစည်းတွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပေမယ့် အိမ်ဖြူ တော်နဲ့ အပေးအယူတစ်ခုလုပ်ခဲ့ ပြီး လွတ်မြောက်လာခဲ့ပါတယ်။
ဆီးလ်က အိမ်ဖြူတော်နဲ့ ဘာ အပေးအယူတွေ လုပ်ခဲ့တာလဲ။  ပိုင်းလော့စ်တစ်ယောက်ကနေ မူးယစ်ဆေးဝါးသယ်ပို့၊ လက်နက် သယ်ပို့ရောင်းဝယ်သူဖြစ်လာတဲ့ ဆီးလ်တစ်ယောက်အရင် လုပ် ငန်းတွေ ဆက်လုပ်မလား၊ ဘယ် လိုဇာတ်သိမ်းမယ်ဆိုတာတော့ ရုံ တင်တော့မှာမို့ ကိုယ်တိုင်ဆက် ကြည့်ပြီး တကယ်ကောင်း၊ မ ကောင်း  အကဲဖြတ်လိုက်ကြဦး နော်။ မင်းသား တွမ်ခရုဇ်နဲ့အ တူ ဆာရာရိုက်၊ ဒွန်မ်နောဂလီ ဆန်၊ အလီဂျန်ဒရိုအက်ဒါစတဲ့ သရုပ်ဆောင်များစွာ ပါဝင်ထား ပါတယ်။  
ဇာတ်ညွန်းကို www.7daydaily.com  မှကူးယူဖော်ပြသည်။ ။                                 

Storyline

Barry Seal was just an ordinary pilot who worked for TWA before he was recruited by the CIA in 1978. His work in South America eventually caught the eye of the Medellín Cartel, associated with Pablo Escobar, who needed a man with his skill set. Barry became a drug trafficker, gun smuggler and money launderer. Soon acquiring the title, 'The gringo that always delivers'. 






No comments:

SoraFilms

Lorem ipsum dolor sit amet, consectetur adipiscing elit. Vestibulum rhoncus vehicula tortor, vel cursus elit. Donec nec nisl felis. Pellentesque ultrices sem sit amet eros interdum, id elementum nisi ermentum.Vestibulum rhoncus vehicula tortor, vel cursus elit. Donec nec nisl felis. Pellentesque ultrices sem sit amet eros interdum, id elementum nisi fermentum.




Contact Us

Name

Email *

Message *