Home Ads

Wednesday, October 11, 2017

The Foreigner《英伦对决》2017

The Foreigner《英伦对决》2017
IMDb 7.5 1h 54min | Action, Thriller | 13 October 2017 (USA)




 ဒီတစ်ပတ်မှာတော့ ရုပ်ရှင်ပရိတ်သတ်တွေအကြိုက်တွေ့မယ့်ဇာတ်ကားတစ်ကားရုံဝင်လာပါတယ်။ ဒီဇာတ်ကားက ပါဝင်တဲ့မင်းသားတွေ အတွဲထူးတာကြောင့် ရုံမတင်ခင် Trailer စတင်ကြေငြာစဉ်မှာကတည်းကစိတ်ဝင်စားသူအလွန်များပြားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကျွန်တော်တို့ အချစ်တော် ဟောင်ကောင်မင်းသားကြီး Jackie Chan ကတော့ The Foreigner နဲ့ အတူ တကျော့ပြန်လာပါပြီ။ ဒီကားမှာ အရင်လို ငယ်ရွယ်သွက်လက်တဲ့ Jackie ကိုတွေ့ရမှာ မဟုတ်ဘဲ အနည်းငယ်အိုမင်းပုံပေါက်နေတဲ့အပြင် ဇာတ်ကောင်အနေအထားအရလည်း အရင်ကားတွေနဲ့ ကွဲလွဲတာကို တွေ့ရမှာပါ။ အရင်လို အက်ရှင်ခန်းတွေ တထောကြီး ပါပေမယ့် ပိုပြီး လူသားဆန်တဲ့ ဇာတ်ရုပ်မျိုးဖြစ်ပါတယ်။
ဒီကားမှာ Jackie နဲ့ အတွဲထူးတာကတော့ ဂျိမ်းစ်ဘွန်းမင်းသားဟောင်း Pierce Brosnan ဖြစ်ပါတယ်။ ဗြိတိန်အစိုးရအရာရှိ Brosnan နဲ့ အကြမ်းဖက်သမားတွေကြား သူဦးသူသတ်၊ ကိုယ်ဦးကိုယ်သတ် အရှုပ်အထွေးတွေ ကြားမှာ Jackie Chan ဟာ ဘယ်လို ပါဝင်လာလေမလဲ။ Brosnan ဟာလည်း ဒီကားမှာ ရင့်ကျက်တဲ့၊ ဥာဏ်နီဥာဏ်နက်များတဲ့ အရာရှိတစ်ယောက်အဖြစ် သရုပ်ဆောင်ကောင်းနေပြီး မြင်နေကျ ရိုးသားတဲ့ သူတော်ကောင်းဇာတ်ရုပ်ကနေ ကွဲထွက်ဖွယ်ရှိနေပါတယ်။
ရိုက်တဲ့ ဒါရိုက်တာကလည်း ဂျိမ်းစ်ဘွန်းဇာတ်ကား Casino Royale ကို Martin Campbell ဖြစ်ပြီး Stephen Leather က ၁၉၉၂ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တဲ့ The Chinaman ဆိုတဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Martin Campbell ရဲ့ လက်ရာအတိုင်း ဘယ်လို သပ်ရပ်ပြီး အဆင့်မြင့်တဲ့ အက်ရှင်ခန်းတွေကို ထည့်သွင်းရိုက်ကူးမလဲ တစ်ချက်စောင့်ကြည့်ရပါမယ်။
Jackie Chan နဲ့ Pierce Brosnan နှစ်ယောက်အပြင် Charlie Murphy၊ Michael McElhatton ၊ Orla Brady ၊ Liu Tao နဲ့ Katie Leung တို့လည်း ပါဝင်ထားပါတယ်။ ဘတ်ဂျတ်ဒေါ်လာ ၃၅ သန်းအကုန်အကျခံရိုက်ကူးထားတဲ့ ဒီကားဟာ ကြာမြင့်ချိန် ၁၁၃ မိနစ်ပဲ ရှိလို့ တိုတိုနဲ့ ထိထိမိမိကြည်ရမယ့် ဇာတ်ကားဖြစ်ပါတယ်။
လန်ဒန်မြို့က ရိုးရိုးကုပ်ကုပ်နေတတ်တဲ့ လုပ်ငန်းရှင် Quan (Jackie Chan) ရဲ့ သမီးလေးဟာ အဓိပ္ပာယ်မဲ့ နိုင်ငံရေးအကြမ်းဖက်မှုတွေကြား ဓားစာခံဖြစ်ရတဲ့အခါ၊ ဒီလုပ်ကြံမှုဟာ Pierce Brosnan နဲ့ ဘယ်လိုပက်သက်နေလဲ၊ အကြမ်းဖက်သမားတွေကို ဘယ်လို ရှာကြမလဲ ဆိုတာတွေကို ရိုက်ကူးထားသလို မျက်မှောက်ခေတ် အကြမ်းဖက်ဝါဒ ကမ္ဘာကြီးကို ကြီးစိုးလာမှုနဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကို မီးမောင်းထိုးပြထားမယ့် ရုပ်ရှင်လို့ မျှော်လင့်ရတဲ့အတွက် Jackie Chan ကားတွေထဲမှာမှ ကွဲပြားတဲ့ ကားတစ်ကားအဖြစ်မြင်တွေ့ရနိုင်ပါတယ်။
ဇာတ်ညွန်းကို www.akhayar.com မှကူးယူဖော်ပြသည်။ 



英伦对决的剧情简介 · · · · · ·







Storyline

The story of humble London businessman Quan (Chan), whose long-buried past erupts in a revenge-fueled vendetta when the only person left for him to love - his teenage daughter - is taken from him in a senseless act of politically-motivated terrorism. In his relentless search for the identity of the terrorists, Quan is forced into a cat- and-mouse conflict with a British government official (Brosnan), whose own past may hold clues to the identities of the elusive killers. 



No comments:

SoraFilms

Lorem ipsum dolor sit amet, consectetur adipiscing elit. Vestibulum rhoncus vehicula tortor, vel cursus elit. Donec nec nisl felis. Pellentesque ultrices sem sit amet eros interdum, id elementum nisi ermentum.Vestibulum rhoncus vehicula tortor, vel cursus elit. Donec nec nisl felis. Pellentesque ultrices sem sit amet eros interdum, id elementum nisi fermentum.




Contact Us

Name

Email *

Message *