Home Ads

Saturday, January 6, 2018

Jumanji: Welcome to the Jungle (2017)

Jumanji: Welcome to the Jungle (2017)
IMDb 7.3 🗽 1h 59min | Action, Adventure, Comedy | 20 December 2017 (USA)








    ဒီနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာတော့ မကြာခင်ထွက်ရှိမယ့် အမေရိကန် စွန့်စားခန်း၊ ဟာသအက်ရှင်ဇာတ် ကားလေးအကြောင်း ဖော်ပြလိုက်ပါတယ်။
၁၉၉၅ လောက်ကတည်းက ပရိသတ်တွေ ရင်းနှီးခဲ့ပြီးသား Jumanji ဇာတ်လမ်းပြီးနောက် သီးခြားဇာတ်လမ်းတစ်ခုနဲ့ ထပ် ထွက်လာတာမို့ ရသအသစ်အ ဆန်းလေး ဖြစ်တဲ့အတွက် ပရိ သတ်တွေ သဘောကျကြမှာပါ။
  ဇာတ်လမ်းအဓိကအကြောင်းအရာကတော့ ဆယ်ကျော်သက်ကလေးလေးယောက် ဗီဒီယိုဂိမ်းကစားကာ ဂျူမန်းဂျိ ကမ္ဘာထဲရောက်သွားပြီး စွန့်စားခန်းမျိုးစုံ ဖြတ်ကျော်ရတဲ့ အကြောင်းလေး တင်ဆက်ထားတာ ဖြစ်ပါတယ်။၁၉၉၆ ကာလက အဲလက်စ် ဆိုတဲ့ ဆယ်ကျော်သက်ကောင် လေးဟာ ဂျူမန်းဂျိဂိမ်းဘုတ်ပြား လေးကို ကမ်းခြေနားက ကောက်ရ ခဲ့ပေမယ့် ဗီဒီယိုဂိမ်းတွေပဲ ကစား ဖြစ်နေတာမို့ ဂိမ်းမကစားဖြစ်ဘဲ သိမ်းထားခဲ့ပါတယ်။ ဒီလိုနဲ့ တစ် ညမှာ ဂျူမန်းဂျိဘုတ်ပြားထဲက ဂိမ်းတွေဟာ ဗီဒီယိုဂိမ်းအဖြစ် ပြောင်းသွားပြီး အဲလက်စ်က ဂိမ်း စက်ဖွင့်လိုက်ပြီးနောက်မှာတော့ သူပါပျောက်သွားခဲ့ပါတယ်။
  နှစ် ၂၀ လောက်ကြာခဲ့ပြီး နောက်မှာတော့ ဂျူမန်းဂျိဂိမ်းစက် က ပြန်ပေါ်လာခဲ့ပါတယ်။ စပန် ဆာ၊ ဘယ်သန်နီ၊ မာသာနဲ့ ဖရစ်ဂ်ျဆိုတဲ့ ဆယ်ကျော်သက် လေးယောက် အခန်းထဲက အရှုပ်တွေကို ရှင်းရင်းနဲ့ ဂျူမန်းဂျိဂိမ်းစက်ကို ရှာတွေ့ခဲ့တာပါ။ လက်ထဲရောက်လာတဲ့ အသစ်အဆန်းဆို စူးစမ်းချင်တဲ့ သူတို့တွေ ဂိမ်းစက်ကိုဖွင့်ဆော့ရင်း ဗီဒီယိုဂိမ်းထဲ ရောက်သွားပါတော့တယ်။ဂိမ်းထဲမှာ အပြင်ကလူတွေ မဟုတ်တော့ဘဲ သူတို့ရွေးလိုက် တဲ့ ဇာတ်ကောင်အလိုက် ကိုယ် စားပြုဂိမ်းဇာတ်ကောင်တွေအဖြစ် ပြောင်းသွားပြီး လှုပ်ရှားရပါတော့တယ်။ Welcome to the Jungle ဆိုတဲ့အတိုင်းပဲ တောနက်ထဲကို ရောက်သွားကြတဲ့ သူတို့လေး ယောက် လမ်းခရီးတစ်လျှောက် စွန့်စားခန်းမျိုးစုံနဲ့ ကြုံခဲ့ကြရပြီး အန္တရာယ်ခရီးကြမ်းတွေကို တက် ညီလက်ညီ ကျော်ဖြတ်ခဲ့ကြရပါတယ်။
စပန်ဆာတို့အဖွဲ့တွေ ဂျူမန်းဂျိကမ္ဘာထဲက ဘယ်လိုတွေ ဖြတ်သန်းပြီးမှ လွတ်မြောက်နိုင်မှာလဲဆိုတာကို စွန့်စားခန်း၊ အက်ရှင်၊ ဟာသ၊ ရသမျိုးစုံခံစားရင်းဆက်ကြည့်ရအောင်လို့ ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားမှာ ဒွိန်းဂျွန်ဆင်၊ ဂျက်ဘလက်ခ်၊ ကယ်ရန်ဂျီလန်၊ ကီဗင်ဟက်၊ နစ်ခ်ဂျိုနက်စ်၊ ဘော့ဘီကန်နာဗေးလ်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။
                   Zညွန်းကို 7daydaily မှကူးယူဖော်ပြသည်


Storyline

In a brand new Jumanji adventure, four high school kids discover an old video game console and are drawn into the game's jungle setting, literally becoming the adult avatars they chose. What they discover is that you don't just play Jumanji - you must survive it. To beat the game and return to the real world, they'll have to go on the most dangerous adventure of their lives, discover what Alan Parrish left 20 years ago, and change the way they think about themselves - or they'll be stuck in the game forever, to be played by others without break.








No comments:

SoraFilms

Lorem ipsum dolor sit amet, consectetur adipiscing elit. Vestibulum rhoncus vehicula tortor, vel cursus elit. Donec nec nisl felis. Pellentesque ultrices sem sit amet eros interdum, id elementum nisi ermentum.Vestibulum rhoncus vehicula tortor, vel cursus elit. Donec nec nisl felis. Pellentesque ultrices sem sit amet eros interdum, id elementum nisi fermentum.




Contact Us

Name

Email *

Message *