Home Ads

Sunday, March 11, 2018

Paddington (2014)

Paddington (2014)
IMDb 7.2 🗽 1h 35min | Animation, Adventure, Comedy | 16 January 2015 (USA)



လန်ဒန်မြို့ကို လူရှာရင်း ရောက်လာတဲ့ ဝက်ဝံလေးတစ်ကောင်တွေ့ရတဲ့ အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ ဗြိတိန်ဟာသဇာတ်ကားလေးဖြစ်ပါတယ်

စူးစမ်းလေ့လာသူ မောင်ဂို မာရီဆလိုက်ဟာ ပီရူးကတော နက်ကြီးထဲမှာ အသိဉာဏ်မြင့်တဲ့ ဝက်ဝံမိသားစုကိုရှာတွေ့ခဲ့ပြီး သူတို့ဟာ အင်္ဂလိပ်စကားသင်ယူ နိုင်သလို လိမ္မော်ယိုကိုလည်း အလွန့်အလွန် နှစ်သက်ကြောင်း သိရှိခဲ့ပါတယ်။ မောင်ဂိုမာရီဟာ ဝက်ဝံမိသားစုလာချင်တယ်ဆိုရင် ဗြိတိန်ကနေ အမြဲကြိုဆိုနေမယ့်အကြောင်းပြောခဲ့ပြီး အိမ်ပြန်ခဲ့ပါတယ်။


တစ်နေ့မှာတော့ မြေငလျင် လှုပ်ပြီး ဝက်ဝံတွေနေတဲ့အိမ်ပျက် စီးသွားတာကြောင့် အိမ်အသစ်ရှာဖို့ ဖြစ်လာပါတော့တယ်။ အဲဒီမှာ ဝက်ဝံလေးပက်စ်တူဇိုဟာ အဒေါ် ဖြစ်သူက စေလွှတ်တာကြောင့် လန်ဒန်မှာ အိမ်သစ်ရှာဖို့ ထွက်လာခဲ့ပါတယ်



လန်ဒန်ရောက်သွားတဲ့ပက်စ်တူဇိုဟာ အိမ်ရှာမတွေ့သေးမီ စပ်ကြား ဘရောင်းမိသားစုရဲ့ခေါ် ဆောင်သွားခြင်းခံရပြီး သူတို့က ပက်စ်တူဇိုကို ပက်ဒင်တန်လို့ အမည်ပေးခဲ့ပါတယ်။ဘရောင်း မိသားစုဟာ ပက်ဒင်တန်အိမ်ရှာ နေတုန်းလေး ခဏခေါ်ထားတာဖြစ်ပြီး အဲဒီအိမ်မှာ ဝက်ဝံကလေး ပက်ဒင်တန်တစ်ကောင် အမွှေစိန်လုပ်ပြီး အပျက်အစီးတွေများခဲ့ပါတော့တယ်။



ပက်ဒင်တန်ဟာ သူ့မိသားစု နဲ့ဆုံခဲ့တဲ့ စူးစမ်းလေ့လာသူမောင် ဂိုမာရီကိုရှာတွေ့နိုင်မယ်လို့ ယုံကြည်ပြီး ဘရောင်းမိသားစုထံမှာ မောင်ဂိုမာရီရဲ့ဦးထုပ်ပေးခဲ့ပြီး ထွက်သွားခဲ့ပါတယ်။ မောင်ဂိုမာရီရဲ့ဦးထုပ်ဟာ ရှေးခေတ်အနု ပညာလက်ရာတွေပါတဲ့ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်နေတာကြောင့် ဘရောင်းမိသားစုက ဦးထုပ်ကိုရှေးပစ္စည်းဆိုင်ကို ယူသွားခဲ့ပါတယ်။


မောင်ဂိုမာရီကို လိုက်ရှာနေတဲ့ ဝက်ဝံလေးပက်ဒင်တန်မောင် ဂိုမာရီနဲ့တခြားစီဖြစ်တဲ့သူ့သမီး မီလီဆန့်နဲ့တွေ့ဆုံတဲ့အခါ ဘာတွေ ဆက်ဖြစ်မှာလဲ။ ဘရောင်း မိသားစုနဲ့ ပက်ဒင်တန်ရဲ့ သံယောဇဉ်ကကော ဘယ်လိုအဆုံးသတ်မှာလဲဆိုတာ ကြည့်ရှုလိုက်ပါဦး။ဝက်ဝံလေးရဲ့ ကမောက်ကမ ဖြစ်ရပ်တွေက ပရိသတ်ကိုပျော်ရွှင် ရယ်မောစေမှာ သေချာသလောက်ပါပဲ။ ပက်ဒင်တန်နေရာမှာ ဘန်ဝစ်ရှောက အသံသရုပ်ဆောင်ပေးထားပါတယ်။
ဇာတ်ညွန်းကို 7daydaily.com မှကူးယူဖော်ပြသည်


Storyline

A young Peruvian bear with a passion for all things British travels to London in search of a home. Finding himself lost and alone at Paddington Station, he begins to realize that city life is not all he had imagined - until he meets the kind Brown family, who read the label around his neck ('Please look after this bear. Thank you.') and offer him a temporary haven. It looks as though his luck has changed until this rarest of bears catches the eye of a museum taxidermist.

Movie Trailer





No comments:

SoraFilms

Lorem ipsum dolor sit amet, consectetur adipiscing elit. Vestibulum rhoncus vehicula tortor, vel cursus elit. Donec nec nisl felis. Pellentesque ultrices sem sit amet eros interdum, id elementum nisi ermentum.Vestibulum rhoncus vehicula tortor, vel cursus elit. Donec nec nisl felis. Pellentesque ultrices sem sit amet eros interdum, id elementum nisi fermentum.




Contact Us

Name

Email *

Message *