Home Ads

Saturday, May 26, 2018

Death Wish (2018)

Death Wish (2018)
IMDb 6.4 🗽 1h 47min | Action, Crime, Drama | 2 March 2018 (USA)











Death Wish စီးရီးရဲ့ ဆဋ္ဌမမြောက် ဇာတ်ကားဖြစ်သလို ၁၉၇၄ တုန်းက နာမည်တူအတိုင်း ထွက်ရှိခဲ့တဲ့ရုပ်ရှင်ကို ပြန်လည် ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါ တယ်။

ဒေါက်တာ ပေါလ်ကာဆီ ဟာ ချီကာဂိုဆေးရုံ အရေးပေါ် ဌာနက ခွဲစိတ်ဆရာဝန်တစ်ဦးပါ။ ပေါလ်မှာ မိသားစုဆိုလို့ ဇနီးလူစီ ရယ်၊ တစ်ဦးတည်းသောသမီး ဂျော်ဒန်ရယ်ပဲရှိတာပါ။ ဂျော်ဒန် က နာမည်ကြီးတက္ကသိုလ်ကို ဝင် ခွင့်ရတဲ့အတွက် ပျော်ရွှင်နေတဲ့ သူတို့မိသားစုလေးဟာ မမျှော် လင့်ဘဲ ကြမ္မာဆိုးကြောင့် အရာ ရာပြောင်းလဲသွားခဲ့ရပါတယ်။အဲဒါကတော့ ပေါလ်အိမ်မှာ မရှိတုန်း သူတို့အိမ်ကို လူဆိုးတွေ ဝင်ရောက်သတ်ဖြတ်တဲ့အတွက် လူစီသေခဲ့သလို ဂျော်ဒန်ဟာ ပြင်း ထန်ဒဏ်ရာရပြီး ထိတ်လန့်ကာ ကိုမာဖြစ်သွားခဲ့ ပါတယ်။လူသတ်မှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကလည်း မဖော်ထုတ်နိုင် လို့ ပေါလ်ဟာ သူ့မိသားစုအတွက် တရားမျှတမှုဖြစ်စေဖို့ ကိုယ်တိုင် စုံစမ်းဖော်ထုတ်ပြီး လက်တုံ့ပြန်ဖို့ လုပ်ခဲ့ပါတော့တယ်။တစ်ရက်မှာတော့ ပေါလ်ရဲ့ ညီ ဖရန့်ရဲ့ မန်နေဂျာ မီဂယ်ဟာ ပေါလ်တို့ဆေးရုံကို ဒဏ်ရာတွေနဲ့ ရောက်လာခဲ့ပါတယ်။ မီဂယ်ဟာ ဒဏ်ရာပြင်းလို့ နှလုံးနှိုးစက်သုံး ပေမယ့်လည်း သေဆုံးခဲ့ပါတယ်။မီဂယ်နဲ့ပတ်သက်ပြီး ပေါလ် က မသင်္ကာတဲ့အတွက် မီဂယ်ရဲ့ ဖုန်းကို မီဂယ်လက်ဗွေရာသုံးပြီး ဖွင့်စစ်တဲ့အခါမှာ ပေါလ်ဟာ ဖုန်း ထဲမှာ သူ့အိမ်လိပ်စာကို တွေ့ခဲ့ သလို အပေါင်ဆိုင်မှာ သွားရောင်းထားတဲ့ ပစ္စည်းတွေကိုပါ တွေ့ခဲ့ ပါတယ်။
အဲဒါနဲ့ ပေါလ်ဟာ အပေါင် ဆိုင်ကနေ အဆင့်ဆင့်ခြေရာခံပြီး သူ့မိသားစုကို ဖျက်ဆီးတဲ့သူတွေ ကို တစ်ကိုယ်တော် လိုက်လံတိုက် ခိုက်ပါတော့တယ်။ခွဲစိတ်ဓားကိုင် ဆေးကုသတဲ့ ပေါလ်တစ်ယောက် ဆရာဝန်ဆို တဲ့ အနေအထားကနေ ပုံစံပြောင်းပြီး မိသားစုအရေးအတွက် လူဆိုး အဖွဲ့တွေကို သေနတ်ကိုင်ပြီး အ ပြတ်ရှင်းတဲ့ ဇာတ်ကွက်တွေကို မင်းသားကြီး ဘရုစ်ဝီလီက လိုက်ဖက်ညီအောင် သရုပ်ဆောင်ထား တာမို့ ပရိသတ်တွေ အကြိုက်တွေ့မှာ သေချာပါတယ်။ဒီဇာတ်ကားမှာ မင်းသား ကြီး ဘရုစ်ဝီလီနဲ့အတူ ဗင်းဆင့် ဒီအိုနိုဖရီယို၊ ဒင်းန်နောရစ်၊ ကင် ဘာလေအဲလိစ်၊ မိုက်အက်ပ်စ်၊ အဲလိဇဘက်ရှူး၊ ကာမီလာမော် ရွန်နီ စတဲ့သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

                                                                                                                  ဇာတ်ညွန်းကို 7daydaily.com မှကူးယူဖော်ပြသည်။
Movie Trailer


Storyline

Dr. Paul Kersey (Bruce Willis) is a surgeon who only sees the aftermath of his city's violence as it's rushed into his ER -until his wife (Elisabeth Shue) and college-age daughter (Camila Morrone) are viciously attacked in their suburban home. With the police overloaded with crimes, Paul, burning for revenge, hunts for his family's assailants to deliver justice. As the anonymous slayings of criminals grabs the media's attention, the city wonders if this deadly avenger is a guardian angel...or a grim reaper. Fury and fate collide in the intense action-thriller Death Wish.







No comments:

SoraFilms

Lorem ipsum dolor sit amet, consectetur adipiscing elit. Vestibulum rhoncus vehicula tortor, vel cursus elit. Donec nec nisl felis. Pellentesque ultrices sem sit amet eros interdum, id elementum nisi ermentum.Vestibulum rhoncus vehicula tortor, vel cursus elit. Donec nec nisl felis. Pellentesque ultrices sem sit amet eros interdum, id elementum nisi fermentum.




Contact Us

Name

Email *

Message *